Living Together ၏ နောက်ဆက်တွဲ ကြုံတွေ့ရမည့် ပြဿ နာများ
24-Feb-2017
Living Together ဘယ်တော့မှအတူ မနေဘူးဆိုရင်တော့ ဘာမှပြောစရာ မရှိပါဘူး။ ကဲ နေမယ်ရှင်ဆိုတဲ့ မိန်းကလေးတွေအဖို့ ဘာတွေလုပ်သင့်သလဲဆိုတဲ့ အချက်တွေဟာ အရေးကြီးပါသည်။
၁။ ကိုယ်ဝန်မရအောင် လုံးဝကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ။
၂။ မိမိရဲ့ Partner ကို ကွန်ဒုံးသုံးခိုင်းပါ။ တချို့လူတွေက မိန်းကလေးဘက် ထည့်မတွက်ဘဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ်။ အဲဒီနေရာမျိုးမှာ မိန်းကလေးဘက်က ပြတ်ပြတ်သားသား အမိန့်ပေးပါ။
၃။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုက်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ။ သုက်ရည်ကို မိမိမိန်းမကိုယ် (Vagina) ထဲမှာ မလွှတ်စေဘဲ အပြင်မှာ ထုတ်ခိုင်းပါ။
၄။ ကဲ နံပါတ် ၃ အချက်ကိုလည်း ရှုံးနိမ့်ပြီး သုက်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိ သွားပြီဆိုပါစို့။ ကိုယ်ဝန်မရအောင် အရေးပေါ် သန္ဓေတားဆေးသောက်ဖို့ လိုပါတယ်။ စျေးကွက်ထဲမှာ ၇၂ နာရီအတွင်း သောက်ရတဲ့ အရေးပေါ် သန္ဓေတားဆေးတွေ အလွယ်တကူဝယ်လို့ရပါပြီ။ Levonogestrel 0.75 mg ပါဝင်ပါသည်။ လိင်ဆက်ဆံ ပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ စောစောစသောက်ရပါမည်။ ဆေး ၂ လုံးပါပါသည်။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင် နောက်ဆေးတစ်လုံး သောက်ရ ပါမည်။ ဆေးသောက်ပြီးလို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမည်။
၅။ ခဏခဏတော့ Living Together အတူမနေမိပါစေနဲ့။ ဒါဆိုရင် အရေးပေါ် သန္ဓေတားဆေးကလည်း ကူညီပေးနိုင်မှာမဟုတ်ပါဘူး ခဏခဏနေမယ် စိတ်ကူးရှိရင် OC Pills လို့ခေါ်တဲ့ မြှားကတ်လေးတွေ သောက်မလား၊ ၃ လခံဆေး 3 month depo injection ထိုးမလား၊ IDU လို့ခေါ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်း ထည့်မလား သင်ကြိုက်ရာရွေးနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပြည့်နိုင်
Ziwaka magazine, March 2016, Pg.101-102
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
